Sustainable Development & Conservation: Wind Energy | Free Udemy Course
ပြန်ပြည့်မြဲစွမ်းအင်(Renewable Energy): လေစွမ်းအင် (Wind Energy) - Free Course | Free Udemy Course
- 1 hour hours of on-demand video
- Full lifetime access
- Access on mobile and TV
နိုင်ငံတစ်နိုင်ငံဖွံဖြိုးတိုးတက်ရေး အတွက် စွမ်းအင်သည် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ လူမှုစီးပွားဘဝဖွံဖြိုးတိုးတက်ရန် လျှပ်စစ်မီးလိုအပ်ပါသလို စက်ရုံအလုပ်ရုံများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လျှပ်စစ်မီးကို မရှိမဖြစ်လိုအပ်ပါသည်။ လျှပ်စစ်မီးရရှိခြင်းဖြင့် လူသားများသည် မီးအလင်းရောင် ရရှိခြင်း၊ တီဗီမှတဆင့် ဖျော်ဖြေရေးအစီအစဉ်များ ကြည့်ရှုနိုင်သလို သတင်းအချက်လက်များ ရရှိနိုင်ခြင်း၊ ဖုန်း နှင့် အင်တာနက်ကဲ့သို့ ဆက်သွယ်ရေးပစ္စည်း အသုံးပြုနိုင်ခြင်း၊ မီးခိုးငွေ့ထွက်သော ထင်းမီးသွေး အသုံးပြုစရာမလိုဘဲ အလွယ်တကူ ချက်ပြုတ်နိုင်ခြင်း၊ အစားအစာများ အအေးခံသိုလှောင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။ နိုင်ငံတိုင်းတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်လိုအပ်ချက်သည် တိုးလာလျှက်ရှိပါသည်။မြန်မာနိုင်ငံတွင် ပျမ်းမျှအားဖြင့် လူဦီးရေ၏ ထက်ဝက်ခန့်ကသာ လျှပ်စစ်မီးရရှိလျက်ရှိပြီး လျှပ်စစ်ရရှိရန်လုပ်ဆောင်ရာတွင် နည်းလမ်းအသွယ်သွယ်ရှိပါသည်။ ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ ရုပ်ကြွင်းလောင်စာများ အသုံးပြု၍ လျှပ်စစ်ထုတ်လုပ်ခြင်းသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေပါသည်။ လူတို့၏ လုပ်ဆောင်ချက်များမှ ဖြစ်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့များ အိုဇုန်းလွှာတွင် ပိတ်မိသောကြောင့် ကမ္ဘာ့ကြီးသည် ပိုမိုပူနွေးလာပြီး ရာသီဥတုပြောင်းလဲခြင်းများ ဖြစ်ပေါ်စေပါသည်။ ရေခဲတောင်များ အရည်ပျော်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်များမြင့်တက်လာခြင်း၊ ရေကြီးခြင်း၊ ကုန်းတွင်းပိုင်းတွင် ရေခန်းခြောက်ခြင်း နှင့် အပူလှိုင်းဖြတ်ခြင်း စသည့် ရာသီဥတုပြောင်းလဲမှုများသည် ကမ္ဘာပေါ်ရှိ သက်ရှိ များနှင့် အပင်များ ၏ အသက်ရှင်နေထိုင်မှုအား ထိခိုက်စေနိုင်ပါသည်။ ရာသီဥတု ပြောင်းလဲမှုကြောင့် ကမ္ဘာပေါ်ရှိ အပင်နှင့် သက်ရှိမျိုးစိတ်များ မျိုးတုန်းပျောက်ကွယ်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် နိုင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုအား လျော့ချရန် ပြန်ပြည့်မြဲစွမ်းအင်များ အသုံးပြုခြင်းအား အလေးပေးဆောင်ရွက်လျှက်ရှိပါသည်။ ရုပ်ကြွင်းလောင်စာများ အသုံးပြုမှုကို လျော့ချရန် ပြန်ပြည့်မြဲစွမ်းအင်အသုံးပြုပြီး လျှပ်စစ်ထုတ်လုပ်ခြင်း၊ လျှပ်စစ်ကားများ ထုတ်လုပ်အသုံးပြုမှုအား အားပေးခြင်း၊ လျှပ်စစ်လိုအပ်ချက်ကို လျော့ချနိုင်ရန် ထိရောက်မှုရှိသည့် နည်းပညာများအား အသုံးပြုစေခြင်း အစရှိသည့် လုပ်ဆောင်ချက်များကို ဖော်ဆောင်လျက် ရှိပါသည်။ ထို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများ ရေရှည်တည်တံ့ရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အရေးပါသော အစိတ်အပိုင်းတစ်ခု ဖြစ်သော ပြန်ပြည့်မြဲစွမ်းအင်နှင့် ပတ်သတ်သည့် အခြေခံအကြောင်းအရာများကို သိရှိနားလည်နိုင်ရန် ရည်ရွယ်၍ နေစွမ်းအင်၊ ရေအားလျှပ်စစ် နှင့် လေစွမ်းအင် သင်ခန်းစာ ၃ ခုဖြင့် ရေးဆွဲထားပါသည်။ သင်တန်းသူ/သားများအနေဖြင့် ပြန်ပြည့်မြဲစွမ်းအင်သင်ခန်းစာ၏ အစိတ်အပိုင်း ၃ ခုလုံးအား လေ့လာပြီးမြောက်ပါက ပြန်ပြည့်မြဲစွမ်းအင်အခြေခံသင်တန်းပြီးမြောက်မှုလက်မှတ်အား ရရှိမည်ဖြစ်ပါသည်။ ဤ ပြန်ပြည့်မြဲစွမ်းအင်သင်ခန်းစာတွင် လေစွမ်းအင်နှင့် ပတ်သတ်သည့် အအောက်ပါ အကြောင်းအရာများအား လေ့လာ သင်ယူနိုင်မည် ဖြစ်ပါသည်။ - လေစွမ်းအင် နှင့် ပတ်သတ်သည့် အခြေခံများ၊ - စနစ်အမျိုးအစားများ နှင့် အစိတ်အပိုင်းများ၊ - လေတိုက်နှုန်းနှင့် လျှပ်စစ်ထုတ်လုတ်နိုင်စွမ်းအား ခန့်မှန်းမှုခြင်း၊ - wind turbine များ၏ ကုန်ကျစားရိတ်၊ - wind farm တစ်ခု ဒီဇိုင်းဆွဲခြင်းနှင့် တည်ဆောက်ခြင်းအား ယေဘုယျလေ့လာခြင်း နှင့် - မြန်မာနိုင်ငံရှိ လေအစွမ်းအင်အလားအလာ ။ ဤသင်တန်းကို သန့်မြန်မာ၏ ဖိတ်ခေါ်မှုဖြင့် World Wide Fund for Nature Myanmar (WWF) မှစီစဥ်ပို့ချထားခြင်းဖြစ်ပါသည်။ WWF သည် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၁၀၀ နီးပါးတွင် နှစ်ပေါင်း ၆၀ ကျော်ကြာထိန်းသိမ်းမှုလုပ်ငန်းများကို ဆောင်ရွက်နေသော ထင်ရှားသည့်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ WWF Myanmar ကို ၂၀၁၅ခုနှစ်တွင် မြန်မာနိုင်ငံတွင် စတင်တည်ထောင်ခဲ့ပြီး ရန်ကုန်နှင့် ထားဝယ်မြို့များတွင် ရုံးခန်းများဖွင့်လှစ်ထားပါသည်။ လက်ရှိတွင် Target Conservation Area နှစ်နေရာရှိပြီး ဧရာဝတီမြစ်ဒေသနှင့် ဒေါနတနင်္သာရီဒေသများတွင် ဖြစ်ပါသည်။ အခြားဦးတည်လုပ်ဆောင်ချက်များတွင် ရာသီဥတုနှင့် စွမ်းအင်၊ တောရိုင်းတိရိစ္ဆာန်၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များရောင်းဝယ်ဖောက်ကားမှု၊ သစ်တော၊ ရေချို၊ ရေရှည်တည်တံ့ကောင်းမွန်သော စိုက်ပျိုးရေး၊ ငွေကြေးနှင့်် အခြေခံအဆောက်အအုံကဏ္ဍများလည်း ပါဝင်ပါသည်။ Who this course is for:ပြန်ပြည့်မြဲစွမ်းအင်အား စိတ်ပါဝင်စား၍ လေ့လာလိုသော တက္ကသိုလ်ကျောင်းသား နှင့် ဘွဲ့ရပြီး လူငယ်များ။
Course Content:
Sections are minimized for better readability, click the section title to view the course content
JOIN OUR WHATSAPP GROUP TO GET LATEST COUPON AS SOON AS UPDATED
JOIN WHATSAPPJOIN OUR TELEGRAM CHANNEL TO GET LATEST COUPON
JOIN TELEGRAMJOIN OUR FACEBOOK GROUP TO GET LATEST COUPON
JOIN FACEBOOKFree Online Tools And Converters for your use
URL Encoder
Input a string of text or a URL and encode the entered string
Try itURL Decoder
Input an encoded string of text or a URL and decode the entered string
Try itColor Contrast Checker (WCAG)
Calculate the color contrast ration for your website (WCAG)
Try itXML Formatter
Paste or upload an XML and have it formatted to a beautiful XML format
Try itURL Slug Generator
Convert any title or sentence into a variety of slugs for your pages URL
Try itE-Signature
Draw an e-signature or type a signature for your online signature
Try itCourse Description
ပြန်ပြည့်မြဲစွမ်းအင်(Renewable Energy): လေစွမ်းအင် (Wind Energy) - Free Course